ပေါင်မြို့နယ်၌ စိန်ပန်းစျေး​သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်

ပေါင် ဇွန် ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် စိန်ပန်းစျေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးအေးမင်း အဖွင့်အမှာစကားပြောကြားရာတွင် စိန်ပန်းစျေးသမဝါယမအသင်းအနေဖြင့် အသင်းသူ/သားများသို့ အရစ်ကျချေးငွေထုတ်ပေးခြင်းလုပ်ငန်းဖြင့် အကျိုးအမြတ်များစွာအသင်းသားတို့ အကျိုးခံစားခွင့်နှင့်အသင်းအကျိုးခံစားနိုင်ပါသည်။ နှစ်စဥ်လိုလိုဖြစ်ကြောင်းနှင့် ယခုနှစ်တွင်လည်းအသင်း၏အသတင်အမြတ်ငွေမှ အသင်းသား(၁၅၇၀)ဦးကို တစ်ဦးလျှင်(၇၀၀၀ိ/-)နှုန်းဖြင့် ငွေကျပ်(၁၁၂၄၀၅၇၅)အား ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိန်ပန်းစျေးသမဝါယမအသင်းမြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းယုက ယခုရွေးချယ်ထားသည့် အမှုဆောင်အသစ်တွေက ယခင်အမှုဆောင်အဖွဲ့တွေလိုပဲ လုပ်ငန်းတာဝန်တွေကို ပိုမိုအောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး အသင်းသားများ၏ ဆန္ဒအရအဆိုပြုထောက်ခံခြင်းများပြုလုပ်၍ အမှုဆောင်အသစ်များရွေးချယ်ပြီး အသင်းသားများသို့နှစ်ပတ်လည်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)