မိုးနဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီအချိန်က  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို မြို့ဝင်/ထွက်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကုလားကျောင်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး (၂၃၈) ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်တောင်သူများ လူမှုဘဝမြင့်မားရေး  သက်ဆိုင်ရာ ဌာနများမှ မျိုးကောင်းမျိုးသန့်များ၊ စိုက်နည်းစနစ်များနှင့် သွင်းအားစုများ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ကုလားကျောင်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေးစပါး(၂၃၈)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  

မိတ္ထီလာမြို့နယ် ခင်သာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခင်တဲအုပ်စု၊ ခင်သာကျေးရွာ၌ JICA မှ တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထိပ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကျောက်တံတားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွေးလှိုူင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်နိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်သိန်းနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းလှိုင်၊ ဌာနဆိုင်ရာများ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်တောင် အထကနှင့် ယန်းလော အထက ကျောင်းတို့၌ ကျင်းပသည်။

လားရှိုးမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီက အမှတ် (၁) ရပ်ကွက်ရှိ ထင်းရှူးတောင်တွင် ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ပြည်သူများကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၇) နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ မြို့မဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ မိုးစပါးမျိုးစေ့ချ ကိရိယာ Seeder ဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စုတွင်  မိုးစပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်သပြပွဲကို ယမန်နေ့က တောင်သူ ဦးသန်းထိုက် ကွင်းအမှတ် (၈၂၈) လယ်ယာမြေ၌ ကျင်းပသည်။

ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်သမဝါယမအသင်းစုမှ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်လျက်ရှိသော ကော့ဒွန်းကျေးရွာ၊ ကော့ဒွန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများသို့ ဇွန် ၁၄ ရက်နေ့က ကော့ဒွန်းကျေးရွာ၌ သွင်းအားစုပေးအပ်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည် စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များ အောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစုအပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to