မိုင်းဖြတ်မြို့မ​စျေး၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပူး​ပေါင်း​ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်​ဆေးခပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မ​စျေးရှိ ​သောက်သုံး​ရေကန်များတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ပုပ္ပားတောင်ဥယျာဉ်အား အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် လွတ်လပ်စွာ သဘောထားရယူခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ဥယျာဉ်အား အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ကောင်းစွာအသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် လွတ်လပ်စွာသဘောထားရယူခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခွန်ဆိုင်ရာပညာပေးဆွေးနွေးရှင်းလင်းပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အခွန်ဦးစီးဌာနရုံးအနေဖြင့် အခွန်ဆိုင်ရာပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ငါးချဉ်ပိုင်း ရပ်ကွက်၊ မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့ မွန်းလွဲ (၁) နာရီက အ.လ.က (သင်္ဘောဦး)၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားသော “သင့်ဘဝအောင်မြင်ရေးလှေကားထစ်များ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ထားဝယ်မြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့ နယ်စပ်ပို့ကုန်သွင်းကုန်များဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပုံကုန်သွင်းကုန်ရုံး (ကျိုင်းတုံ)မှ နယ်စပ်ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လတွင် ကျိုင်းတုံမှ တရုတ်နိုင်ငံသို့ မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် စိန်တစ်လုံး၊ ရွှေဟင်္သာသရက်သီးများနှင့် ငရုတ်သီးခြောက်၊ ပုဇွန်ဖွဲ၊ ဝါဂွမ်း၊ သီဟိုစေ့နှင့် နနွင်းတက်များကို တစ်ရက် ပို့ကုန်ကားစီးရေ ၃၀ မှ ၅၀ အတွင်း တင်ပို့လျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ​အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို အမှတ် ၃ လမ်းမကြီးနှင့်ခရေပင်လမ်းဆုံ မီးပွိုင့်အနီး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြသည်။

ဗန်းမော်မြို့ အ.ထ.က-၅ တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲခန့်က အ.ထ.က(၅) အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to