မင်းလှမြို့နယ် ‌ရေနံမကျေးရွာတွင် စာကြည့်တိုက်အသစ်တည်ဆောက်မည့် မြေနေရာအား ပန္နက်တင်မင်္ဂလာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေနံမကျေးရွာတွင် နိုင်ငံတော်မှလှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါ စာကြည့်တိုက်မြေနေရာ၌ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လက်ဆေးနည်းအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးနှင့် လက်ဆေးနည်းအကြောင်း ဟောပြောခြင်းတို့ကို အခြေခံပညာဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေနံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပကြောင်း သိရသည်။

ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ဒုံဝန်းကျေးရွာအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများထံ သောက်ရေသန့်များ လိုက်လံလှူဒါန်း

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများထံ အဆိုပါကျေးရွာအခြေစိုက် နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ သောက်ရေသန့်များ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ နွေနှမ်းဈေးကွက် ဈေးအနည်းငယ် ပြန်ကျ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုရက်ပိုင်း နွေနှမ်းဈေးကွက်တွင် ဈေးအနည်းငယ် ပြန်ကျသွားကြောင်း ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း (FFA) ဥက္ကဋ္ဌ ဦးမြင့်အောင်ထံမှ သိရသည်။  

တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် မကျီးတောရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးကိုယူးရီးယားဖြင့် ပြုပြင်ပြောင်းလဲကျွေးမွေးခြင်း လက်တွေ့ကွင်းဆင်းသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အုန်းပင်ကျေးရွာ၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏စီစဉ်မှုဖြင့် ကောက်ရိုးကိုယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းလက်တွေ့သရုပ်ပြပွဲကို အဆိုပါကျေးရွာရှိ တောင်သူဦးကြည်၏နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။

ကမမောင်းမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဒေသခံပြည်သူများ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အသင့်စားခေါက်ဆွဲခြောက်ထုပ်များ သွားရောက်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအုပ်စု၌ သံလွင်မြစ်‌ရေ၏ စိုးရိမ်ရေအမှတ် (၉၆၀) စင်တီမီတာကို ကျော်လွန်၍ ယမန်နေ့က (၁၂၁၀) စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ကျေးရွာနေပြည်သူများက ရွှေဂွန်းကျေးရွာအထက်ဘုန်းတော်ကြီးကျောင်း၊ မြတ်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ Cyclone Shetter၊ ကားဝင်းကြီးဆိုင်ခန်း၊ ရတနာမွန်ဘုန်းတော်ကြီးကျောင်းစသည့် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခုတို့၌  အိမ်ထောင်စု စုစုပေါင်း (၁၂၆၉) စု၊ လူဦးရေ စုစုပေါင်း(၁၆၉၂)ဦးတို့မှာ ယာယီရေဘေးရှောင်နေကြရကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၄၇၃၁၅) ဧကစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၅၈၁၆၃) ဧက လျာထားစိုက်ပျိုးရာ ယနေ့အထိ (၄၇၃၁၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သရက်မြို့ အထက(၁) ရာပြည့်ပွဲတော်အကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့အထက(၁) ရာပြည့်ပွဲတော်အကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို ယနေ့နံနက် (၈) နာရီက သရက်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း စိုက်ပျိုးခဲ့သည်။
Subscribe to