ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းကျင်းမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် ပဆင- တညင်ကုန်း- သဲကုန်း- ကုန်းတန်းကလေး ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်​နေမှုအား ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ​(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်း၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရထားလမ်းနှင့်ကားလမ်း‌တို့ ရေကျော်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် ပုသိမ်-ကြံခင်း မီးရထားလမ်းသည် ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၆၇/၂)နှင့်(၁၆၇/၆)ကြား၊ ရထားသံလမ်းပေါ်တွင်(၆)လက်မခန့်၊ အရှည်(၁)မိုင်ခန့်နှင့် လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၆၀/၁၃)နှင့် (၁၆၀/၁၇)ကြား၊ ရထားသံလမ်းပေါ်တွင် (၆)လက်မခန့်၊ အရှည်(၂)ဖာလုံခန့် ရေကျော်လျက်ရှိပြီး၊ သက်ဆိုင်ရာဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ အမှတ်အသားစိုက်ထူခြင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရေဖြုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မိုးရေချိန် (၁၈)လက်မကျော် ရွာသွန်းပြီး မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ်၊ ခေတ္တတပ်နယ်မှူးတို့နှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် အာမခံအကြောင်းသိကောင်းစရာ ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြန်မာ့အာမခံလုပ်ငန်း(မိတ္ထီလာခရိုင်ရုံး)နှင့် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်သည့် အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲနှင့်ဝါတွင်းကာလ ဉပုသ်သီလတရားတော်များ ခံယူဆောက်တည်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ထေရဝါဒဗုဒ္ဓသာသနာပြု၊ ဗဟိုသာသနာပြုဌာန၌ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အပတ်စဉ်တ‌နင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲနှင့် ဝါတွင်းကာလ ဉပုသ်သီလတရားတော်များ ခံယူဆောက်တည်ခြင်းကို ယနေ့နံနက်(၀၉)နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဗဟိုသာသနာပြုဌာန၌ ကျင်းပပါသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီဖြုတ်သိမ်းထားသော လျှပ်စစ်ဓာတ်အားလိုင်းအား ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိစေရန် ပြန်လည်တပ်ဆင်

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော (၁၁)ကေဗွီ ဓာတ်အားလိုင်းအား သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်စေရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ယာယီဖြုတ်သိမ်းထားရှိရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ရရှိစေရန် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီမြစ်၊ လှိုင်မြစ်ရေများ မြင့်တက်လာမှုကြောင့် အဖျောက်-ဥတို-တိုက်ကြီး ကားလမ်းရေကျော်ခြင်းနှင့်လူ‌နေအိမ်များ ရေဝင်ရောက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့်လှိုင်မြစ်ရေများ မြင့်တက်လာမှုကြောင့် အဖျောက်-ဉတို-တိုက်ကြီး ကားလမ်းရေကျော်ခြင်း နှင့်လူနေအိမ်များအတွင်း ရေဝင်ရောက်နေမှုများအား ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။   

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီးရထားသံလမ်း ရေနစ်မြှုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ်(၄) ရပ်ကွက်ကြီး၊ နဝရတ်ရပ်ကွက်အနီး၊ ရန်ကုန်-မော်လမြိုင်မီးရထားလမ်းမိုင်တိုင်အမှတ်(၇၇/၁၈)နှင့်(၇၇/၂၂)အကြား မီးရထားသံလမ်း အရှည်(၅၀၀)ပေခန့်၊ အနက်(၂)ပေခန့်မှာ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ 

ကော့သောင်းမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့တွင် ဖွင့်လှစ်ခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ကော့သောင်းမြို့၊ Victoria Cliff ဟိုတယ်အစည်းအ‌ဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ စစ်ဗျူဟာအခြေချအဖွဲ့(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကော့သောင်းခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to