လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ၌ ပြောင်းရွှေ့နေရာချထားပေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများအတွင်းရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသည့်အတွက် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးနေလျက်ရှိကြောင်း သိရသည်။