မောက်မယ်−ဟိုနမ့်−ဆိုက်ခေါင်လမ်းမကြီးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မောက်မယ်−ဟိုနမ့်−ဆိုက်ခေါင် လမ်းမကြီး ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ စတင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်း (၅) ကျောင်း ပြန်လည်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း(၃၀)ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်းက အဆိုပါ ယာယီပိတ် ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၅) ကျောင်းအား မြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုးနဲမြို့နယ် ရေပေးဝေရေး ဥယျာဉ်ကန် သဘာဝရေထွက် သန့်ရှင်းသာယာရေးဆောင်ရွက်

မိုးနဲမြို့နယ် ရေပေးဝေရေး ဥယျာဉ်ကန် သဘာဝရေထွက် သန့်ရှင်းသာယာရေးဆောင်ရွက် မိုးနဲ ဇူလိုင် ၂၉ မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်များအား ယာယီရေဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေကြီးမှုကြောင့် ရေဝင်ရောက်လာသော နေရာများမှ ပြည်သူများအား ခေတ္တရွှေ့ပြောင်းနေထိုင်ခွင့်ပြုထားသည့် ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမတွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းက  ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ဆန်တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေး

ရေတာရှည်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် စားသုံးသူပြည်သူများ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဝင်မှုကြောင့် ဒေသခံအိမ်ထောင်စု (၆၉၆) စု၊ လူဦးရေ (၂၈၅၃) ဦး ယာယီပြောင်းရွှေ့နေထိုင်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ ကျောက်ကြီးချောင်းအတွင်း စီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ ရေဝင်ရောက်မှုများရှိသဖြင့် ဒေသခံအိမ်ထောင်စု (၆၉၆) စု၊ လူဦးရေ (၂၈၅၃) ဦး ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း အသိပညာ​​ပေး​ဆောင်ရွက်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မျိုး​ကောင်းမျိုးသန့်တိရစ္ဆာန်များ၏ အထွက်နှုန်းတိုးတက်​ကောင်းမွန်လာ​စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း အသိပညာ​ပေးခြင်းကို ယမန်​နေ့က ဝမ်မိုင်ရပ်ကွက် နွား​မွေးမြူ​ရေးခြံ၌ ဆောင်ရွက်ခဲ့သည်။

တောင်ကြီးမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ ကျင်းပ

ဟိုတယ်၊ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဝန်ဆောင်မှုအရည်သွေးပြည့်ဝနေစေရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုးကို (၄) ပတ်ကြာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရှမ်းရိုးမဘော်ဒါဆောင်ရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို ရှမ်းရိုးမဘော်ဒါဆောင်တွင် အေးချမ်းတည်ငြိမ်မှုမရှိသေးသောဒေသမှ ပြောင်းရွှေ့လာသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ ဆန်၊ ဆီ၊ ဗလာစာအုပ်၊ ခြင်ထောင်တို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
Subscribe to