ပုသိမ်မြို့၌ ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိတဒါန အရုဏ်ဆွမ်းဆက် ကပ်လောင်းလှူပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယမန်နေ့နံနက်(၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူ ခဲ့ကြသည်။