ရွှေတောင် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၅၈၁၆၃) ဧက လျာထားစိုက်ပျိုးရာ ယနေ့အထိ (၄၇၃၁၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများအသုံးပြု၍ မိုးစပါးများစိုက်ပျိုးရာတွင် ရတနာတိုး (၃၅၈၉) ဧက၊ အင်းမရဲဘော် (၄၈၁၆) ဧက၊ မှော်ဘီ (၂) (၁၇၆၅၇) ဧက၊ ရဲဘော်လတ် (၁၇၉၈၃) ဧက၊ ရက် (၉၀) (၁၄၇၄) ဧက၊ GW-11 (၁၅၉၁) ဧက၊ ဗီယက်နမ် (၂၀၅) ဧက စုစုပေါင်း မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ယနေ့အထိ မိုးစပါး (၄၇၃၁၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ၂၀၂၄ - ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ပေးခြင်း၊ တောင်သူအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)