ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ပြောင်းရွှေ့
ပေါင်မြို့နယ်၌ ဇူလိုင် (၂၈) ရက်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် လက်ပံကျွန်းကျေးရွာ အနိမ့်ပိုင်း၌ရေဝင်သဖြင့် ဒေသခံပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။