အမြို့မြို့အနယ်နယ်သတင်းများ

Jul 29,2026
၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော့်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေစည်းခုံစေတီတော်မြတ်ကြီးနှင့် ဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာ ပြည်သူများ အလှူအတန်းပြုကြသူများ၊ တရားဘာဝနာပွားများ အားထုတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Jul 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြံတောကျေးရွာအုပ်စု၊ ကွေးမ အုပ်စု၊ ချောင်းခွကျေးရွာတို့ရှိ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့များဖြင့်တွေ့ဆုံကာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jul 29,2026
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။
Jul 29,2026
သန်လျင်မြို့နယ်တွင် ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ဖြစ်သည့် အားလျော်စွာ တန်ခိုးကြီးဘုရားများဖြစ်သော ကျိုက်ခေါက်စေတီ၊ ကျိုက်ဒေးယျုံစေတီ၊ ကျိုက်ဗောဓိစေတီ၊ ကျိုက်မြတ်ခမွန်မွေးလွန်းရှင်စေတီတော်တို့တွင် ပန်း၊ ရေချမ်း၊ ဆီးမီးကပ်လှူသူများ၊ တရားဘာဝနာပွားများသူများ၊ ရွှေသင်္ကန်းကပ်လှူသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။
Jul 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ (၇) ဖြတ်လမ်းရှိ တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါ‌တော်နေ့၌ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။
Jul 29,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ဇွန်လ၁ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၇ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၁၁ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၀၅ ဦးထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Jul 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် Rice Export Zone စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပသည်။
Jul 29,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ယနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။