တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လက်ဆေးနည်းအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

တံတားဦး ဇူလိုင် ၂၉

တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးနှင့် လက်ဆေးနည်းအကြောင်း ဟောပြောခြင်းတို့ကို အခြေခံပညာဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေနံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်မဟေသီစုစုစံဌေးက ကျောင်းသား/သူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လက်ဆေးနည်း အကြောင်းနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နညး်လမ်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း ၊ မလဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်ကန်များ၊ ရေစည်များ၊ ရေတွင်းကန်များထဲသို့ ပိုးလောက်လန်သေ အဘိတ်ဆေးများ ခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့် (ပြန်/ဆက်)