ကျွန်းစုမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၈)ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ မကွေးမြို့ပေါ်ရှိကျောင်းတိုက်(၉၈)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၀၄)စုံ စုစုပေါင်းတန်ဖိုးငွေကျပ်(၇၃၃,၉၆၃၀ဝိ/-)သိန်းတို့ကို စုပေါင်းဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့်ကလိုရင်းဆေးရည်ဖျော်စပ်နည်း လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်နည်းကို လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။

ပဲခူးမြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်း ၁၀ခု ဖွင့်လှစ်ကာ ကူညီဆောင်ရွက်

ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၇စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့်ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိသည်။ 

မိုင်းဖြတ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်း ​ဆောင်ရွက်လျက်ရှိသည်​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

မင်းဘူးမြို့နယ် စကုမြို့နှင့်ပင်လယ်သက်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် စကုမြို့နှင့် ပင်လယ်သက်ကျေးရွာတို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အဦများအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာများတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ တာဝတိံသာကျောင်းတိုက်၌ ကပ်လှူပူဇော်ခဲ့ကြသည်။

ကံမမြို့ ဆုတောင်းပြည့် ရတနာမာန်အောင်ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (ပဥ္စမအကြိမ်) အလှူငွေပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊   အမှတ်(၂)ရပ်ကွက်၊  ကျောင်းကုန်းရပ် ဆုတောင်းပြည့် ရတနာမာန်အောင်ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (ပဥ္စမအကြိမ်)အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
Subscribe to