သရက် ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး သရက်မြို့အထက(၁) ရာပြည့်ပွဲတော်အကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို ယနေ့နံနက် (၈) နာရီက သရက်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း စိုက်ပျိုးခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် သရက်မြို့အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း အထက (၁) ရာပြည့်ပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် သစ်တောဦးစီးဌာနမှ ဒုတိယအကြိမ် ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်သည့်ပွဲဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲမှာ တမာပျိုးပင် (၂၀၀) ပင်၊ ရေတမာပျိုးပင် (၅၀)ပင် စုစုပေါင်း(၂၅၀)ပင် စိုက်ပျိုးပေးသွားမှာဖြစ်ပါကြောင်း ပြောကြးပေးခဲ့သပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌထံသို့ ပျိုပင်များ လွှဲပြောင်းပေးခဲ့သည်။
ထို့နောက် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) က ဒုတိယမြို့နယ်ပညာရေးမှူးထံသို့ ပျိုးပင်များ လွှဲပြောင်းပေးခဲ့ပြီး သရက်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းအုပ်ကြီးအား ပျိုးပင်များ လွှဲပြောင်းပေးခဲ့ကာ တမာပျိုးပင် (၂၀၀) ပင်၊ရေတမာပင် (၅၀) ပင်တို့အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ/ဆရာမများက စုပေါင်းစိုက်ပျိုးနေမှုအား လိုက်လံကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)