မိုင်းပျဉ်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်း အခမ်းအနားကို နံနက် (၁၀) နာရီက အဆိုပါကျောင်းရှိ သရဖူစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ကံမမြို့၌ ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း အမှုထမ်းများ ပူပေါင်းပါဝင်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ‌ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကျောင်း (၁၀၄) ကျောင်းမှ ဆရာတော်၊ သံဃာတော် (၁၀၈၀) ပါးအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း (၁၀၄) ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲကို ယမန်နေ့ နံနက် (၅) နာရီခွဲက တောင်ကြီးမြို့ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်ကျောင်းရှေ့၌ ကျင်းပသည်။

တာလေမြို့ရှိ အ.ထ.က(တာလေ)၌ လူကုန်ကူးမှုအန္တရာယ်တားဆီး‌ရေး ပညာပေး‌ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ​တာချီလိတ်မြို့ အမှတ်(၁)လူကုန်မှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးရေး ပညာပေး‌‌ဟော‌ပြောပွဲကို နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အ.ထ.က(တာလေ)ရှိ ချယ်ရီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချခဲ့ရာ အုန်းဆီ ၃၀၈၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ခွင့်ပြုရန်ပုံငွေဖြင့် နဒီလမ်းအနောက်ဘက်ခြမ်းအုတ်ရေမြောင်း ဆောက်လုပ်  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် နဒီလမ်းအနောက်ဘက်ခြမ်း အုတ်ရေမြောင်းတူးဖော်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်အခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်း‌ဒေသကြီး မြိတ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးမှူး၍ ယနေ့ နံနက် (၉)နာရီခွဲက မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ် ချမ်းအေးကျောင်းတိုက်တွင် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် အခြေခံ‌တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

သရက်မြို့ ၌ ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲ တူယှဉ်ဖော်ဆောင်ပေးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အထက်တန်းဆင့် ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
Subscribe to