ထန်းတပင်မြို့နယ်၌ တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးကိုယူးရီးယားဖြင့် ပြုပြင်ပြောင်းလဲကျွေးမွေးခြင်း လက်တွေ့ကွင်းဆင်းသရုပ်ပြ

ထန်းတပင်(ပဲခူး) ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အုန်းပင်ကျေးရွာ၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏စီစဉ်မှုဖြင့် ကောက်ရိုးကိုယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းလက်တွေ့သရုပ်ပြပွဲကို အဆိုပါကျေးရွာရှိ တောင်သူဦးကြည်၏နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကွင်းဆင်းလက်တွေ့သရုပ်ပြရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကောက်ရိုးကိုယူရီးယားဖြင့် ပြုလုပ်ကာကျွေးမွေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး ပြုလုပ်ပုံအဆင့်ဆင့်အား တောင်သူများနှင့်အတူ လက်တွေ့သရုပ်ပြပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ကျွဲ၊ နွားများအတွက် အစားအစာအဖြစ်ကျွေးမွေးနိုင်ပြီး ၎င်းအစာကို ကျွေးခြင်းအားဖြင့် ကျွဲ၊ နွားများ ကိုယ်အလေးချိန်တိုးတက်ခြင်း၊ မျိုးပွားမှုဆိုင်ရာကောင်းမွန်ခြင်း၊ နို့ထုတ်လုပ်မှုတိုးတက်လာခြင်း၊ ကုန်ကျမှုစရိတ်သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)