ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မြို့မဈေးသစ်အတွင်း ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွား
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ မြို့မဈေးသစ်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။