ပူတာအိုမြို့ အ.လ.ကခွဲ(လယ်မယ်ဝါချီ)ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ပြင်ပဗဟုသုတရရှိစေရန်နှင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်အတွက် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၁၅)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု လယ်မယ်ဝါချီကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ထူးချွန်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မော်တော် ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ထူးချွန်ခဲ့သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ စေတီတော်တည်ထားကိုးကွယ်နိုင်ရေး ရတနာအုတ်မြစ်စီမင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု ဝမ်ပုံကျေးရွာတွင် တည်ထားကိုးကွယ်မည့် ဝမ်ပုံစေတီတော်မြတ်ကြီး ရတနာအုပ်မြစ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် တိမ်းရှောင်နေကြသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ရှပ်အင်္ကျီနှင့် ဆပ်ပြာခဲများ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်း (၅)နေရာတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ရှပ်အင်္ကျီနှင့် ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိခိုလှုံနေကြသည့် စခန်း(၅)နေရာတွင် ပြုလုပ်ခဲ့သည်။

တနိုင်းမြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် အဓွန့်ရှည်ရေးအတွက်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားကိုးကွယ်သည့် စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီး၍ သာသနာတော်ညိုးနွမ်းအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့်သာသနာဖျက်များအား ကန့်ကွက် ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၈ ရက် နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှတ်(၅၈)ရေတပ်စခန်းအခြေစိုက် ဇာဒက်ကြီးကျွန်းတွင် ငလုံးလဖယ်ကျွန်း၌ မုတ်ကောင်သားဖောက်ခြင်းနှင့် ပုလဲမွေးမြူရေးထုတ်လုပ်ခြင်း လုပ်ငန်းတိုးချဲ့ဧရိယာဆောင်ရွက်မည့်အပေါ် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ် ငလုံးလဖယ်ကျွန်း မုတ်ကောင်သားဖောက်ခြင်းနှင့် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းအား တိုးချဲ့ဧရိယာအဖြစ် ခရင်းခွကျွန်း အရှေ့မြောက်ဘက် ရေပြင်ဧရိယာ(၂၅၅)ဧကပေါ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် မုတ်ကောင်မွေးမြူခြင်း စီမံကိန်း၏ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Initial Environmental-IEE) လုပ်ငန်းစဉ်နှင့်ပတ်သက် ၍အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က အမှတ်(၅၈)ရေတပ်စခန်း အခြေစိုက် ဇာဒက်ကြီးကျွန်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့၌ ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကန့်ဘလူမြို့၌ ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေး Talk Show ပြုလုပ် ကန့်ဘလူ ဇန်နဝါရီ ၁၈ အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Subscribe to