ကြံခင်းမြို့နယ် ကုန်းမြင့်သာယာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် ဆယ်သိန်းခြောက်သောင်းအား တာဝန်ရှိသူများက သွားရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာဘိုးဘွားရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှထောက်ပံ့သည့် ငွေကျပ် ဆယ်သိန်းခြောက်သောင်းတိတိကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။