ငွေဆောင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲကြီး)တွင် ကျောင်းပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘူးကွဲရပ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲကြီး)တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၁၆-၁-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီက စည်ကားသိုက်မြှိက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အ-မ က(၁၁၂)ခရင် ချောင်းကျောင်းသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ(၁)နာရီက အ-မ-က(၁၁၂) ခရင်ချောင်း ကျောင်းသို့ သွားရောက်ကာ နယ်လှည့်ကွင်းဆင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရဖွံ့ဖြိုးရေး အာဟာရမျှတသော အစားအစားများ တိုက်ကျွေး‌

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့  မွန်းလွဲ ၁၂ နာရီက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ အာဟာရမျှတသော အစားစားများ တိုက်ကျွေးခြင်းဆောင်ရွက်‌ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(အုန်းချောင်း) ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း အုန်းချောင်းပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

လယ်ဝေးမြို့၊ အောင်းကုန်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

လယ်ဝေးမြို့နယ်၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်သက်သက်မာ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ပိုင်ကျုံမြို့ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်၊   အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိပြီး ကလေးငယ်များ စာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်ဥာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်ခဲ့သည်၊၊

‌ချီဖွေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ချီ‌ဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၁၆-၁-၂၀၁၂ ရက်နေ့ နံနက်(၉)နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ကျင်းပခဲ့ရာ အ.ထ.က(ချီဖွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ချီးမြှင့်သည်။
Subscribe to