ထန်းတပင်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များအခမဲ့ထောက်ပံ့ပေးအပ်

၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စံကင်းကြီးကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ တောင်သူများအား မျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စပါးစိုက်တောင်သူများထံသို့ မျိုးစေ့နှင့်သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ညောင်သုံးပင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။      

တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီကစတင်၍ သက်ဆိုင်ရာ စာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူဆောင်ရွက်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အမျိုးသမီးအဆင့်မြင့် အပ်ချုပ်စက် ၂ လသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ (အမျိုးသမီးအဆင့်မြင့်အပ်ချုပ်စက်) (၂)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာရရှိနိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည်နှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်စေသော တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ အိမ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အသေးစား၊အငယ်စား၊အလတ် စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်ခရိုင်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်ဖြစ်သော ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မိမိတို့မြို့နယ်အတွင်းရှိရပ်ကွက်များ၊ ဟိုတယ်များ၊ အလုပ်ရုံများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းကောက်ယူမှုများကို  ယမန်နေ့နံနက်(၇)နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းစာရင်း ကောက်ယူနေကြပြီဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများ အိမ်ရာဝင်းအတွင်းရှိ ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်မှစတင်၍ စာရင်းကောက်အဖွဲ့များက သန်းခေါင်စာရင်းကို စတင်ကောက်ယူကြသည်။

ကျိုက်လတ်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဘိုးဘွားများအား ထောက်ပံ့မှုများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နေ့လယ်ပိုင်းက ဘိုးဘွားများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသည့် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီခွဲအချိန်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင်(၄)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်မှစ၍ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to