အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင် ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ နေ့လည်အချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များအား ပြသခဲ့သည်။

ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းအား ယာယီဝါးတံတားဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းစွာ သွားလာနိုင်ပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီဝါးတံတားဆောက်လုပ်ရန် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား(ပဲဆီသန့်)မိသားစုက ကုန်ကျစရိတ်မတည်လှူဒါန်းခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများ စုပေါင်းကာ ယာယီဝါးတံတားအား အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းစွာဖြင့် သွားလာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က (၂) ကျောင်း၌ ကျင်းပခဲ့သည်။

သရက်မြို့၌ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းနှင့် (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းနှင့် (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်၅နာရီခွဲအချိန်က သတ္တဌာနဘုရားကြီး မြတ်စွယ်တော်တိုက်တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်းဆင်းပွဲနှင့် ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် phpMyAdmin Application Software အသုံးပြုကာ ရုံးတွင်းမှတ်တမ်းများကို Database ပြုလုပ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၉ နာရီက အဆိုပါရုံး မဂျွယ်ဂင်တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်းတည်၌ စိုက်ပျိုးမြေပြုပြင်ရေး သဘာဝမြေသြဇာထုတ်လုပ်သုံးစွဲမှု အဆင်ပြေအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုး​​​မြေပြုပြင်ရေး သဘာဝမြေသြဇာထုတ်လုပ်ရောင်းချလျက်ရှိပြီး ဒေသခံတောင်သူများနှင့်အနယ်နယ်အရပ်ရပ်မှ တောင်သူများသုံးစွဲလျက်ရှိရာ အကျိုး​ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၆-၁-၂၀၂၄ ရက်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူကလေးများအား လူငယ်ရေးရာဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာနှင့် ရေသျှံကြီးကျေးရွာ မူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူကလေးများအား လူငယ်ရေးရာဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်ယာဉ်ဖြင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မူလွန်အလယ်ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to