ဘိုကလေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အသက် (၁၀၆) နှစ်အဘွား၊ (၁၀၅) နှစ် အဘိုးတို့နှင့်အတူ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ထောက်ပံ့
ယနေ့ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် အသက်အကြီးဆုံးအဖွားဖြစ်သူ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာတွင် နေထိုင်သော အသက် (၁၀၆) နှစ်အရွယ် အဘွား ဒေါ်သိန်းကြည်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာနှင့် ရိပ်သာရှိဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းမှုများဆောင်ရွက်ရာ ယမန်နေ့နံနက် (၉) နာရီ အချိန်တွင် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။