ဘုတ်ပြင်း အောက်တိုဘာ ၂
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များက ဘိုးဘွားများနေ့အိမ်များသို့ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ငွေနှင့်ပစ္စည်းများကို မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဘုတ်ပြင်းမြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် အသက်အကြီးဆုံးအဖွား(၁)ဦးအား ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ဘိုးဘွား(၇)ဦးအား ထောက်ပံ့ပေးအပ်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများကို ပူးပေါင်းအဖွဲ့များက လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကျေးရွာများရှိ ဘိုးဘွားများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)