ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်များသည် မြို့နယ်အတွင်း ကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့နံနက်ပိုင်း (၇) နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။