တပ်ကုန်းမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

တပ်ကုန်း အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်၊ ကျေးရွာများ၌ စတင်ကောက်ယူလျက်ရှိသည်။

ထိုသန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းကောက်သူတို့က လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်