တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေးသင့်ခံခဲ့ရသည့် အိမ်ထောင်စုဝင်ဝန်ထမ်းများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့

တပ်ကုန်း အောက်တိုဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေးသင့်ခံခဲ့ရသည့် အိမ်ထောင်စုဝင်ဝန်ထမ်းများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးညီညီထွေးက ဝန်ထမ်းအနေဖြင့် စိတ်အားမငယ်စေရန်နှင့် မည်သည့်သဘာဝဘေးမဆို တက်ကြွစွာပါဝင်ကူညီစေရန် ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်း ၁၉ ဦး အတွက် တစ်ဦးလျှင် ၆ ပြည်ဆံ့ ဆန်၊ ဆီတစ်ပိဿာ၊ အစားအစာနှင့် ငွေ (၁) သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်