၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြာင်းအရာ သန်းခေါင်စာရင်းကောင်ယူခြင်းကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုး‌အောင်နှင့်အဖွဲ့ လှည့်လည်ကြည့်ရှုအားပေး

အောင်မြေသာစံ အောက်တိုဘာ ၂

မန္တလေးတိုင်း သန်းခေါင်စာရင်း‌‌ကြီးကြပ်မှုကာ်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရမှူးချုပ် ဦးဝေဇင်ထွန်းနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြာင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို လာရောက်ကြည့်ရှု အားပေးကြသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဦးသန်းထွန်းအောင်တို့က ရှင်းလင်းပြသကြပြီး သန်းခေါင်စာရင်းကောက်ယူကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ အတွင်းရေးမှူး ဦးသိန်းလွင်တို့က အနီးကပ်ကြီးကြပ်ကူညီဆာင်ရွက်ပေးကြကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)