ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ပဲတိုင်ထောင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်း၍ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာ အပိုဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူ ကို‌ကျော်စိုးထံမှ သိရသည်။ 

နမ္မတီးမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၁၆)ရက် နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဝိုင်းမော်မြို့၌ ပြုလုပ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် တက်ရောက်၊ ပြည်နယ်အတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂတ် လူ့အဖွဲ့အစည်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်သော အင်အားစုများဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့  အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မေတ္တာမြို့၌ (၇၇) နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ မေတ္တာမြို့တွင် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၁း၃၀)နာရီအချိန်က မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က( ဆင်မ) တွင် ကျောင်းပညာရေး စုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က (ဆင်မ) တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပညာရေး စုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် (၈) နာရီက စည်ကား သိုက်မြှိက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲကြီး)တွင် ကျောင်းပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘူးကွဲရပ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ဘူးကွဲကြီး)တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၁၆-၁-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီက စည်ကားသိုက်မြှိက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အ-မ က(၁၁၂)ခရင် ချောင်းကျောင်းသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ(၁)နာရီက အ-မ-က(၁၁၂) ခရင်ချောင်း ကျောင်းသို့ သွားရောက်ကာ နယ်လှည့်ကွင်းဆင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရဖွံ့ဖြိုးရေး အာဟာရမျှတသော အစားအစားများ တိုက်ကျွေး‌

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့  မွန်းလွဲ ၁၂ နာရီက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ အာဟာရမျှတသော အစားစားများ တိုက်ကျွေးခြင်းဆောင်ရွက်‌ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(အုန်းချောင်း) ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း အုန်းချောင်းပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

လယ်ဝေးမြို့၊ အောင်းကုန်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

လယ်ဝေးမြို့နယ်၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်သက်သက်မာ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
Subscribe to