ကြံခင်းမြို့နယ် ကုန်းမြင့်သာယာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် ဆယ်သိန်းခြောက်သောင်းအား တာဝန်ရှိသူများက သွားရောက်လှူဒါန်း

ကြံခင်း အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာဘိုးဘွားရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှထောက်ပံ့သည့် ငွေကျပ် ဆယ်သိန်း​ခြောက်သောင်းတိတိကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။

ကမ္ဘာ့တစ်ဝန်းသက်ကြီးရွယ်အိုများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲပင်ပန်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးအထီးကျန်ဆန်မှုတို့ကို လူ့အဖွဲ့အစည်းအား သိရှိလှုံ့ဆော်ပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိရာ အဆိုပါအပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ကုန်းမြင့်သာယာဘိုးဘွားရိပ်သာရှိ အဘိုး ၈ ဉီး၊ အဘွား ၂၀ ဉီး စုစုပေါင်း ၂၈ ဉီးအား တစ်ဉီးလျှင် ကျပ်၂၀၀၀၀/- နှုန်း​​ဖြင့် ကျပ် ၅၆၀၀၀၀/ အားလည်းကောင်း၊ ကုန်းမြင့်သာဘိုးဘွားရိပ်သာပဒေသပင်အတွက် ကျပ် ၅၀၀၀၀၀/- အား​ ဆရာတော် ဉီးစိန္တာသေဋ္ဌထံ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ဇင်မာဉီးနှင့် ဝန်ထမ်းများက အသီးသီး ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)