ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ကွက်များတွင် ကွင်းဆင်းကောက်ယူမှုများကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်းဝန်းနှင့်မြဝတီရပ်ကွက်အတွင်းရှိ ကောက်ကွက်များတွင်ခရိုင်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကောက်ယူစာရင်းသွင်းလျက်ရှိသည်။

ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် ဒေသခံပြည်သူများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူလျက်ရှိ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးကောက်ယူလျက်ရှိရာ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ယမနနနေ့တွင် စတင်ကောက်ယူလျက်ရှိသည်။

သနပ်ပင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် ကောက်ခဲ့လျက်ရှိကြောင်း သိရသည်။

ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အမှတ်(၁၅)အဆန်နှင့် အမှတ်(၁၆)အစုန် ရန်ကုန်-ပဲခူးခရီးစဉ် လူစီးရထားစတင်ပြေးဆွဲ

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU)ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅)အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ် (၁၆) အစုန်လူစီးရထားများစတင်ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီး၌ကျင်းပသည်။

စလင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဥ်(၅)ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၇) နာရီမှစတင်ကာ စလင်းမြို့ပေါ်ရပ်ကွက်များနှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစတင်ကောက်ယူဆောင်ရွက်ကြကြောင်း သိရသည်။

ကံမမြို့နယ်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက အင်းဘဲကျေးရွာအုပ်စုမှ တောင်သူ (၁၄၇) ဦးတို့၏ မိုးစပါးစိုက်ဧက (၄၆၃) ဧကနှင့်နှမ်း စိုက်ဧက (၇) ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးပြီး မြို့နယ်မန်နေဂျာ ဒေါ်မေလပ်ဝင်းက ဘဏ်အဖွဲ့ဝင်တောင်သူများ လိုက်နာရမည့်စည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

မြဝတီမြို့၌  ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်၊စာရင်းကောက်အဖွဲ့များက ယမန်နေ့နံနက် ၇ နာရီမှစတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းစနစ်ဖြင့်  စာရင်းကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

ငပုတောမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအားကြည့်ရှု အားပေး

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ   သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်ရာ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကွင်းဆင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ မြို့နယ်သန်း​​ခေါင်စာရင်း​ကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယ​မန်နေ့ နံနက်ပိုင်းအချိန်၌ မြောင်းမြမြို့​ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စတင်​ကောက်ယူခဲ့​ကြောင်း သိရသည်။
Subscribe to