နမ့်စန်(တ) အောက်တိုဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စ၍ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီသီး၌ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူရာတွင် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ ရပ်ကွက် (၁၁)ခု၊ ကျေးရွာအုပ်စု(၂၀)၊ ကျေးရွာပေါင်း (၁၆၉)ရွာရှိ ကောက်ကွက်ပေါင်း (၃၆၀) ၌ စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၁၆၃) ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)