ကျောက်တန်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၇နာရီအချိန်မှစတင်၍ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့် အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို ကျောက်တန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ မြို့နယ်လ၀ကမှူး ဦးဇော်နိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များမှလှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။
နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည်လူဦးရေဆိုင်ရာ အချက်အလက်များနှင့်အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့်အရေးကြီးသော အရင်း မြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နံနက် (၇) နာရီမှ ညနေ (၆) နာရီအတွင်း နေအိမ်များသို့ CAPI နည်းပညာဖြင့်Tablet အသုံးပြုပြီး လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်ဆက်)