သနပ်ပင် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် ကောက်ခဲ့လျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူရာတွင် စာရင်းစစ်/စာရင်းကောက်အဖွဲ့ (၂၂)ဖွဲ့မှ ကောက်ကွက်အလိုက် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များက ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)