ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများအား ကြည့်ရှုအားပေး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်မျာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးကြောင်းသိရသည်။