စလင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ

စလင်း အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဥ်(၅)ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၇) နာရီမှစတင်ကာ စလင်းမြို့ပေါ်ရပ်ကွက်များနှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစတင်ကောက်ယူဆောင်ရွက်ကြကြောင်း  သိရသည်။

စလင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၄၀၀)​ကျော်ရှိရာ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စုမျာအား သန်းခေါင်စာရင်းကောက်အဖွဲ့ (၂၃)ဖွဲ့၊ စာရင်းစစ်၊ စာရင်းကောက် (၁၁၂)ဦးဖြင့် ကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများမှ လူဦးရေနှင့်အိမ်အကြောင်းအရာများကို တစ်အိမ်တက်ဆင်းအိမ်တိုင်ရာရောက် (Tablet) ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် နည်းပညာရပ်များဖြင့် မေးခွန်း(၆၈)ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများကိုအသုံးပြု၍ စာရင်းကောက်ယူလျက်ရှိရာ ထိုသို့စာရင်းကောက်ယူနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များမှ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စလင်းမြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူရေးအဖွဲ့(၁၁၂)ဦးတို့ဖြင့် အဖွဲ့များခွဲ၍ အောက်တိုဘာ(၁)ရက်နေ့မှ ၁၅ ရက်နေ့အထိ နံနက်(၇) နာရီမှ ညနေ(၆)နာရီအထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

(မောင်လွင်)စလင်း