ဟားခါး အောက်တိုဘာ ၂
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးကောက်ယူလျက်ရှိရာ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ယမနနနေ့တွင် စတင်ကောက်ယူလျက်ရှိသည်။
ထိုသို့ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် ဒေသခံပြည်သူများထံသို့ သက်ဆိုင်ရာကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်းလိုက်လံကောက်ယူလျက်ရှိပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များကအနီးကပ် လိုက်ပါဆောင်ရွက်လျက်ရှိကြသည်။
ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်များ၌ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
( ကိုဆလိုင်း )