ဟင်္သာတ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ကွက်များတွင် ကွင်းဆင်းကောက်ယူမှုများကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်းဝန်းနှင့်မြဝတီရပ်ကွက်အတွင်းရှိ ကောက်ကွက်များတွင်ခရိုင်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းကာ Molile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာကောက်ယူကြောင်းသိရသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများကို ဟင်္သာတခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှုးဒေါ်သီတာအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများအားလည်းကောင်း၊ မြဝတီရပ်ကွက်ရှိ လူနေအိမ်များတွင်လည်းကောင်း စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ကွက်မြေပုံများအလိုက် စာရင်းကောက်ယူဆောင်ရွက်နေမှုနှင့် အထောက်အကူပြုအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ပံ့ပိုးကူညီဆောင်ရွက်မှုတို့အား မြေပြင်အခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး၍ ခရိုင်ဥက္ကဋ္ဌမှ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်