တန့်ယန်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကောက်ယူစာရင်းသွင်းလျက်ရှိသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် တာဝန်ရှိသူများ၊ ကောက်ကွက်တာဝန်ခံများက ကောက်ယူစာရင်းသွင်းလျက်ရှိရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် လူမှုကူညီရေးလုပ်အားရှင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ကွက်ပေါင်း (၈၇)ကွက်တွင် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)