မြောင်းမြတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကွင်းဆင်းကောက်ယူ

မြောင်းမြ ​အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ မြို့နယ်သန်း​​ခေါင်စာရင်း​ကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယ​မန်နေ့ နံနက်ပိုင်းအချိန်၌ မြောင်းမြမြို့​ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စတင်​ကောက်ယူခဲ့​ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများ အချက်အလက် (၆၈)ချက်ကို မေးမြန်းကောက်ယူနေမှုများကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ခရိုင်/မြို့နယ်သန်းခေါင် စာရင်းကော်မတီဝင်များ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံ၏ဘဏ္ဍာငွေအရင်းအမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကာ CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး စက်တင်ဘာလ (၃၀)ရက်နေ့ ညသန်းခေါင်ယံအချိန်မှစ၍ တည်းခိုခန်း၊ ဆေးရုံ၊ ရေဆိပ်များ၊ မြစ်ကမ်းနားများသို့ သန်းခေါင်စာရင်းကောက်ယူ ခြင်းဖြစ်ကြောင်း သိရသည်။ 

ခင်ရူပါ(မြောင်းမြ)