ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းအား ယာယီဝါးတံတားဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းစွာ သွားလာနိုင်ပြီဖြစ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီဝါးတံတားဆောက်လုပ်ရန် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား(ပဲဆီသန့်)မိသားစုက ကုန်ကျစရိတ်မတည်လှူဒါန်းခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများ စုပေါင်းကာ ယာယီဝါးတံတားအား အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းစွာဖြင့် သွားလာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။