ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရသည့် ယာဉ်လိုင်းများအတွက် လူမှုရေးထောက်ပံ့ငွေကျပ် ၂၇၇ သိန်း ထောက်ပံ့ပေးအပ်ပွဲ နေပြည်တော်တွင် ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ၏ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရသည့် ယာဉ်လိုင်းများအား လူမှုရေးထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်တော်ယာဉ်အသင်းအသီးသီးမှ ယာဉ်ပိုင်ရှင်/ယာဉ်လိုင်းပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုခံယူ၊ မကွေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူမှုအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ တစ်ပြိုင်တည်းကောက်ခံလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမောင်မောင်ဆန်း ဦးဆောင်သောအဖွဲ့က တိုင်းဒေသကြီးအစိုးရအိမ်ယာဝန်းအတွင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ နေအိမ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၏ နေအိမ်များတွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons 2024) တောင်ကြီးမြို့၌ ကျင်းပ

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons 2024) ကို ယမန်နေ့နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က ပြည်နယ်ခန်းမ၌ ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန် ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်စိန်လွင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့တို့မှ ရဲအရာရှိကြီးများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စုစည်းညီညာစွာဖြင့် ကောက်ယူလျက်ရှိကြသည်။

အင်္ဂပူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များအထိမ်းအမှတ်နေ့အဖြစ် ဦးတင်ဦးဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းငွေများအား တာဝန်ရှိသူများက သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ၊ ဦးတင်ဦးဘိုးဘွားရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့‌ပေးအပ်သည့် လှူဒါန်းငွေများအား တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေများ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက်ပိုင်းမှစ၍ ကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအား‌ပေး

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ကွက် (၃၄)ကွက်တို့၌ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူး‌ပေါင်း၍ စာရင်းစစ်၊ စာရင်းကောက်များမှ တစ်အိမ်တက်ဆင်း လူဦးရေဆိုင်ရာ အချက်အလက်နှင့် အိမ်အကြောင်းအရာဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်သယံဇာတရေးရာဝန်ကြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု‌ ရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု‌ရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to