ငပုတော အောက်တိုဘာ ၂
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်ရာ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး ဆောင်ရွက်နေမှုများအား မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်း အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရှိန်းနေလွင်ထွန်းနှင့် တာဝန်ရှိသူများကအဖွဲ့များခွဲ၍ ကြည့်ရှုအားပေးခဲ့ကြသည်။
ကွင်းဆင်း ကောက်ယူရာတွင်စာရင်းကောက်များက လူဦးရေနှင့်အိမ်အကြောင်းအရာများတိကျ မှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့်အိမ်အကြောင်းအရာများကို မေးမြန်းကောက်ယူလျက်ရှိသည်၊၊ ငပုတောမြို့နယ်တွင် သန်းခေါင်စာရင်းကို ရပ်ကွက်(၉)ခု၊ ကျေးရွာအုပ်စု (၈၃)အုပ်စုရှိစာရင်းကောက်ကွက်ပေါင်း (၄၆)ကွက်ရှိပြီး ကောက်ဖွဲ့(၄၆)ဖွဲ့ဖြင့် စာရင်းစစ် (၄၇)ဦး၊ စာရင်းကောက် (၂၀၀)ဦး စုစုပေါင်း (၂၄၇)ဦး တို့ဖြင့် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ တစ်အိမ်ဆင်း တစ်အိမ်တက်ကောက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးမိုး၏ ပြောကြားချက်အရသိရသည်။
မြို့နယ်(ပြန်/ဆက်)