ကျေးရွာမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောလက်တွေ့သရုပ်ပြသပွဲ သန်လျင်၌ကျင်းပ

သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကရင်ဆိပ်ကျေးရွာ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ယင်းကျေးရွာရှိ စာကြည့်တိုက်ခန်းမဆောင်၌ ကျင်းပသည်။

ရွှေဘိုမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသခြင်းများပြုလုပ်

​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံစာအုပ်စာစောင်ပြခြင်းများကို ယနေ့နံနက် (၁၀)နာရီက (အ.ထ.က)ခွဲ အ.လ.က(၁)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟိုပင်မြို့ အခြေခံပညာမူလတန်း (အနောက်မြောက်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟိုပင်မြို့ အခြေခံပညာမူလတန်း (အနောက်မြောက်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို၍ သန်လျင်၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဖွင့်လှစ်

(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို၍ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသွားသော ကရင်ဆိပ်ကျေးရွာ ပညာမိခင် စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများဝယ်ယူသုံးစွဲနေသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ စစ်ဆေးခြင်းကို မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အဖွဲ့ ဝါးခယ်မမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအား လာရောက်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှိ "အောင်ဇေယျခန်းမ" သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အဖွဲ့များသည် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်ရောက်ရှိလာပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်လဲ့လဲ့အောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ရာ ဒေါ်လဲ့လဲ့အောင်နှင့်တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း” အစီအစဉ်အား ဆောင်ရွက်ရန်စီစဉ်ထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဖေဖော်ဝါရီ ​(၉)နံနက် (၈)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

​စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ည​နေ(၃)နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
Subscribe to