သဲကုန်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထအကြိမ် စုပေါင်းမိုးကျကထိန် အလှူတော်မင်္ဂလာ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထအကြိမ် စုပေါင်းမိုးကျကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စအောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ)၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ကြီးအမှူးပြုပြီး ပင့်သံဃာတော်များနှင့် ကထိန်ခံဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ည (၆) နာရီအချိန်က ကျိုက်မုရောစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် (၄၀) ကြိမ်မြောက် (မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များ စုပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များ ဦးစီး၍ (၄၀) ကြိမ်မြောက် (မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ MSMEs ဒေသထွက်ကုန်ပြပွဲ၊ စျေးရောင်းပွဲတော်နှင့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဒုတိယညမီးပုံးပျံလွှတ်တင်ယှဥ်ပြိုင်နေမှု၊ နေ့လွှတ်အရုပ်များ လွှတ်တင်ယှဥ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၂) ရက် ညနေ (၅) နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် MSMEs ဒေသထွက်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပွဲတော်လာပြည်သူများ၊ စျေးသည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အထိမ်းအမှတ် အထူးဓမ္မသဘင် ညတရားပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်နှင့် မြို့မိမြို့ဖများ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအထိမ်းအမှတ် အထူးဓမ္မသဘင် ညတရားပွဲကို နိုဝင်ဘာလ ၁၄ ရက်၊ ည ၇ နာရီခွဲအချိန်က အဆိုပါ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေးအမှတ်အစဉ် (၁/၂၀၂၄) သို့ တက်ရောက်

ချင်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး အမှတ်အစဉ် (၁/၂၀၂၄) ကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြင်ဦးလွင်မြို့တွင် (၂၄) ကြိမ်မြောက် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးတွင် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ခြင်း အခမ်းအနားကို (၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့၊ ယမန်နေ့ နံနက် (၅) နာရီက ဘုရားကြီးရင်ပြင်ပေါ် ၌ ကျင်းပပြုလုပ်ခဲ့သည်။

သပြေကုန်းကျေးရွာတွင် (တတိယ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ(၃၉၂)သိန်းကျပ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖော်ဆောင်ရန် အင်္ဂါရပ်များနှင့်ညီသော ကျေးရွာများအားရွေးချယ်ပြီး အရင်းမပျောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်လည်ပတ်ရန်ပုံငွေ (၃၀၀)ကျပ်သိန်းအား ထုတ်ချေးပေးလျက်ကြောင်းသိရှိရပြီး ယမန်နေ့နံနက်ပိုင်းက သံရွာကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် (တတိယ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၃၉၂)သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်၊ ရွာသစ်စုကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to