ပုလောမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု သတင်းမှားကာကွယ်ရေး အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သတင်းတုသတင်းမှားကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက  ပုလောမြို့ အမှတ်(၃)ရပ်ကွက် နန္ဒဝန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာသင်ခုံများ ပေးအပ်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာသင်ခုံ (Single Desk & Chair) အမြင့်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)၊ ပညာ့ရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြောင်း ဟောပြောခြင်း၊ စာအုပ်၊ စာစောင်များပြသခြင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင် ပြသခြင်းတို့အား ယမန်နေ့နံနက် (၁၀း၀၀)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က(ငွေဆောင်)တွင် ဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းလပ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ယနေ့နံနက်(၉)နာရီက ကျခမ်းကျောက်အုပ်စုရှိ အ.မ.က(ဝမ်လုံ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးမီးငြိမ်းခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးရှိ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာအုပ်စုနှင့် ကညင်ငူ ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော အုတ်တွင်းချောင်းတံတားကျိုးကျမှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက  ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာအုပ်စုနှင့်ကညင်ငူ ကျေးရွာအုပ်စုသို့ဆက်သွယ်ထားသော အုတ်တွင်းချောင်းတံတားပေအရှည် (၆၀)၊ အမှတ် (၁/၂၃)၊ တံတားခံနိုင်ဝန် (၁၃)တန်ရှိတံတား ကျိုးကျမှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် ရိုးရာအစားအသောက်များ ရောင်းချရာတွင် အစားအသောက်များ လုံခြုံစိတ်ချမှုရှိစေရေး အစည်းအဝေးကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် ရိုးရာ အစားအသောက်များ ရောင်းချရာတွင် အစားအသောက်များ လုံခြုံစိတ်ချမှုရှိစေရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း ကွပ်ကဲရေးရုံး၌ ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ညနေ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပခဲ့သည်။
Subscribe to