တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဘုရားရင်ပြင်တော်၌ ကျင်းပရာ ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရွှေတိဂုံစေတီတော် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော်ရက်လုပ်လှူဒါန်းပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးမြို့ မဟာမုနိရှပ်ရှင်တော်မြတ်ကြီးအား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော်ရက်လုပ်လှူဒါန်းပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးရင်ပြင်တော် မိုးကောင်းဓမ္မာရုံမဏ္ဍပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒေးဒရဲမြို့၌ တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော် အထိမ်းအမှတ် ပဒေသာပင်များ စုပေါင်းလှည့်လည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်စဥ် ကျင်းပပြုလုပ်မြဲဖြစ်သည့် တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်အထိမ်းအမှတ် ပဒေသာပင်များစုပေါင်းလှည့်လည်ပွဲအား ယနေ့ညနေ (၃)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to