တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)တွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဆွမ်းအိုးမျှော်ကပ်လှူပွဲနှင့် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး ကုလိုလ်ယူ

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ  တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့နံနက် အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများ၊ တောင်ရိုးတန်းတစ်လျှောက်တွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြသည်။

သုဝဏ္ဏဝတီမြို့ ရွှေဘုံသာစေတီတော်မြတ်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၅ ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက အဆိုပါစေတီတောမြတ်ကြီး ရင်‌ပြင်‌တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ယမန်နေ့ နံနက် ၅ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပသည်။

စေတုတ္တရာမြို့၌ ကထိန်အလှူတော် မင်္ဂလာနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်ကြီးလောင်းလှူမှုကို ယမန်နေ့နံနက် အရုဏ်တက်ချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၃၅) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်လျာသင်္ကန်းဆက်ကပ်အလှူတော်မင်္ဂလာပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြန်အောင်မြို့ အမှတ် (၅)ရပ်ကွက် တာဝတိံသာဘုရား ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်အား မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ အလှဓာတ်ပုံရိုက်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင်ပွဲတော်ကို မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းအပါအဝင် MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ အလှဓာတ်ပုံပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများ ယခင်နှစ်ထက် စည်ကားများပြား

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရာဇမဏိကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ ဥမင်သုံးဆယ်၊ ဥမင်ကိုးဆယ်စသည့် တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြရာ ယခင်နှစ်ထက် စည်ကားများပြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ တန်ဆောင်တိုင်ပွဲတော်အား ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား တတိယအကြိမ်မြောက် ဒေသတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအားလုံးပါဝင်သည့် တိုင်းရင်းသားမျိုး နွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တိုင်းရင်းသား မျိုးနွယ်စုများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် တတိယအကြိမ် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ ရာပြည့်ကပ်ကျော် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် (၄) ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ (၁၅) ရက်၊ တန်ဆောင်တိုင်လပြည့်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရာပြည့်ကပ်ကျော် စေတီတော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲ၊ ဆွမ်းအိုးမျှောပွဲနှင့် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါသမယ)တွင် မွန်ပြည်နယ်ရှိ အထင်ကရ တန်ခိုးကြီးဘုရား၊ စေတီများတွင် ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတားတွင် ကျင်းပသည့် ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှောပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
Subscribe to