ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ်ပြိုင်ပွဲများ ကျင်းပ
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် မြို့နယ်အားကစာနှင့်ကာယပညာကော်မတီတို့မှ ပူးပေါင်းစီစဥ်သော မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။