ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “ပြည်ထောင်စုနေ့” အသိပညာပေး Talk Show ပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “ပြည်ထောင်စုနေ့” အသိပညာပေး Talk Show ပြုလုပ် သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၀ ခရိုင် (ပြန်/ဆက်)

ဘိုကလေးမြို့နယ်တွင် မီးဘေးတားဆီးကာကွယ်ရေးအတွက် သာသနာပိုင်အဆောက်အဦးများအား စစ်ဆေးကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ယမန်နေ့နေ့လယ် (၁)နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ သာသနာပိုင်အဆောက်အဦးများသို့ တာဝန်ရှိသူများကွင်းဆင်းကာ မီးဘေးတားဆီးကာကွယ်ရေးဆိုင်ရာများအား စစ်ဆေးကြည့်ရှုကြပ်မတ်ခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာကျောင်းများ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များကို ယနေ့ညနေ(၃)နာရီက အ.ထ.ကကျောင်းနှင့်အ.မ.က (ကဘရန်ခူးကျောင်း)၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုစာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို သိရှိတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ပါသည်။

ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ညောင်ဝိုင်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး(GW-11မျိုး) စိုက်ပျိုးထားသည့် စပါးခင်းများအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး(GW-11မျိုး) စိုက်ပျိုးထားသည့် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံခြင်းနှင့် စပါးအထွက်နှုန်းတိုးစေရေး ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေး ကွင်းဆင်းကြည့်ရှုစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်တခြမ်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲစာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို၊ ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk show ပြုလုပ်

ကလေးမြို့တွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk show ပြုလုပ် ကလေး ဖေဖော်ဝါရီ ၁၀ ခရိုင် (ပြန်/ဆက်)
Subscribe to