ခန္တီးမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းစုပေါင်းမဟာဘုံကိန်အလှူတော်မင်္ဂလာ ကထိန်လျာသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

ခန္တီး နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ မဟာဘုံကိန်အလှူတော်မင်္ဂလာ ကထိန်လျာသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဆရာတော် ဘဒ္ဒန္တဝိစိတ္တရထံမှ (၈) ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်တို့ထံမှ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကိုနာယူကာ ဆရာတော်ကြီးများအား ကိန်လျာသင်္ဃန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာဟိန်းထွန်းတို့က အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် သာဓုအနုမောဒနာ ခေါ်ဆိုပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဝန်ထမ်းစုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ပင့်သံဃာ (၃၄) ပါးအား ပဒေသာပင် (၃၄) ခု ငွေသားတန်ဖိုး (၁၆၂၂၃၄၀၀) ကျပ်၊ ပစ္စည်းတန်ဖိုး (၇၀၃၂၆၀၀) ကျပ်နှင့် ကထိန်ခံကျောင်း (၂) ကျောင်းအတွက် ဝတ္ထုငွေ (၂၆၈၀၀၀၀) ကျပ် စုစုပေါင်း လှူဒါန်းငွေ (၂၅၉၃၆၀၀၀) ကျပ်အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)