အမရပူရ၌ WiFi ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

အမရပူရ နိုဝင်ဘာ ၁၆

အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ မှိုက်စုတောင်ရပ်ရှိ ဒေါ်ငွေစန်း(ခ)ဒေါ်ပူဆူး(သ)၅၂နှစ်၊ မှတ်ပုံတင်အမှတ် (မမှတ်မိ) ပိုင်ဆိုင်သော ၁၅ x ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း (၂၂း၄၅)အချိန် သတင်းအရ အမရပူရမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မျိုးထက်ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးဖြင့်ထွက်ခွာခဲ့ပြီး ရေဂါလံ(၃၀၀၀)ခန့်အသုံးပြု၍ ငြှိမ်းသတ်ခဲ့ရာ(၂၂ ၅၇)အချိန်တွင် မီးထိန်း/ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုအကြောင်းအရင်းမှာ (၁၅×၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် အပေါ်ထပ်တွင် Wifi တပ်ဆင်ထားသော ပလပ်ခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိထရံသို့မီးကူးစက်လောင်ကျွမ်းခဲ့၊ မီးလောင်မှုကြောင့် ပိုင်ရှင်ဒေါ်ငွေစန်း(ခ)ဒေါ်ပူဆူး (သ)၅၂နှစ်၊ မှတ်ပုံတင်အမှတ် (မမှတ်မိ) ပိုင်ဆိုင်သော ၁၅ x ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် (၁)လုံးနှင့် ပိုင်ရှင်ဦးအောင်မျိုးလင်း(သ)၄၀နှစ် ၏ ၁၅ x ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်အပေါ်ထပ်တို့ ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် ပိုင်ရှင် ဒေါ်ငွေစန်း(ခ)ဒေါ်ပူဆူး(သ)၅၂နှစ်(ဘ)ဦးအုန်းငွေ မှတ်ပုံတင် အမှတ် (မမှတ်မိ)အား အမရပူရမြို့မရဲစခန်းမှ (ပ- / ၂၀၂၄)၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

စိုးသီဟ(အမရ)