လှိုင်းဘွဲ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့ နံနက် (၇) နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းကြီးလောင်းလှူပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲကို လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်းမကြီး၊ ကုန်သည်လမ်းမကြီးတစ်လျှောက် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များက ကြွရောက်လှည့်လည်ကာ အလှူဒါယကာ၊ ဒါယကာမများက ဆွမ်းဆန်များ၊ အလှူငွေများ၊ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)